ထိုတစ်ည
လမိုက်ညသည် အလွန်တိတ်ဆိတ်လျက် မည်သည့်အသံမှ မကြားရသော်လည်း တစ်ခါတစ်ရံတွင် ခွေးအူသံများကို ခြောက်ခြားဖွယ် ကြားရသည်။ ပတ်ဝန်းကျင်သည်လည်း မှောင်မည်းတိတ်ဆိတ်လျက် မည်သည့်အရာကိုမှ သဲသဲကွဲကွဲ မမြင်ရပေ။ ဖွင့်ထားသော အိပ်ခန်းပြတင်းပေါက်မှ လေတစ်ချက်အဝှေ့တွင် ယိမ်းထိုးသွားသော သရက်ပင်သစ်ကိုင်းများကိုသာ တစေ ္ဆတစ်ကောင် ကခုန်နေသလို မြင်ရသည်။ သူသည် လူးလိုက်လိမ့်လိုက်ဖြင့်ပင် အိပ်ရာထက်၌ သဝေထိုးနေခဲ့သည်။ အိပ်၍လည်းမပျော်ပေ။ ကြိိုးစားပြီး အိပ်ပါသော်လည်း ပြူးကြောင်နေသည့် မျက်လုံးနှစ်လုံးက ပိတ်မသွားကြဘဲ ပိုပိုပြူးကျယ်လာပြီး မှိတ််၍ပင်မရတော့ပေ။ အိပ်မပျော်သည့်အတွက် စိတ်ကအလိုလိုတိုလာသည်။ လူအများကတော့ သူ့ကို အမြဲစိတ်မရှည်တတ်သောလူ၊ စိတ်တိုတတ်သောလူဟု သတ်မှတ်ကြသော်လည်း သူကတော့ သူ့ကိုယ်သူ ထိုကဲ့သို့ မမြင်ပေ။ သူသည် လူးရင်းလိမ့်ရင်းဖြင့်ပင် သူ့ဘေးတွင်အိပ်နေသော သူ့မိန်းမကို သဲကွဲစွာ မမြင်ရသော အလင်းရောင်များအောက်မှ ကြည့...