Posts

Showing posts from October, 2020

ထွေးငယ်

 သူသည် ခြံထဲရှိ သရက်ပင် ပင်စည်ဂွကြား၌ ငူငူကြီးထိုင်လျှက်ရှိသည်။ ဤကမ္ဘာလောကကြီးသည် သူနှင့်လားလားမှ မသက်ဆိုင်တော့သလို အရာရာအား ငေးမောနေမိသည်။ ထိုကဲ့သို့ ငေးမောနေသော်လည်း သူ့မျက်လုံးထဲ၌ ဘာမှမြင်သည်မဟုတ်။ အနီးတွင်ရှိခဲ့ဖူးသော တန်ဖိုးထားရကောင်းမှန်းမသိခဲ့သည့် အရာတစ်ခုက သူ့ဘေးနားမှ ရုတ်တရက်ပျောက်ကွယ်သွားသည့် အတွက် သူအတော် ပူဆွေးနေသည်။ အရာရာသည် ဟာလာဟင်းလင်းဖြင့်် ဗလာနတ္ထိဖြစ်သည်။           သူ၏ ရင့်နင့်အောင်ချစ်ရသူသည် မိခိုင်ဟု လူတိုင်းက သိကြသည်။ မိခိုင်နှင့်သူသည် ငယ်သူငယ်ချင်းများဖြစ်သလို အိမ်နီးနားချင်းများလည်းဖြစ်သည်။ သူကလည်း အရွယ်ရောက်သည့် ကာလလောက်ကတည်းက မိခိုင်ကို ချစ်ခဲ့မိသည်။           သို့သော် သူယခုခံစားနေရသော ဝေဒနာသည် မိခိုင်နှင့် လားလားမှ မသက်ဆိုင်ပါ။ ထို့အတွက် သူပိုပြီး ယူကျုံးမရဖြစ်မိသည်။ အဘယ့်ကြောင့် မိခိုင်မဟုတ်သော လူတစ်ယောက်အတွက် သူနာနာကျင်ကျင် ခံစားနေရသည်ကို သူကိုယ်တိုင်ပင် နားမလည်ပေ။ သေချာသည်ကတော့ အသက် ၃ဝအရွယ်သူသည် သုံးနှစ်သားကလေးတစ်ဦးလို ချုံးပွဲချ ငိုချင်နေမိသည်။ ```````````````````...

ကျွန်မ မချစ်တတ်ခဲ့သော ယောက်ျား

 ကျွ မချစ်တတ်ခဲ့သော ယောကျ်ား အချိန်အတိုင်းအတာ တစ်ခုထိတော့ ကျွန်မ သူ့ကိုသတိရနေသည်မှာ သေချာသည်။ ပတ်သတ်ခဲ့ဖူးသော အကြောင်းအရာများ၊ ပြောခဲ့ဖူးသော အကြင်နာစကားများ၊ နမ်းခဲ့ဖူးသော အနမ်းများ စသဖြင့် သူနှင့်ပတ်သတ်သော အရာအားလုံးသည် ပြီးဆုံးသွားနိုင်ရန်အတွက် အချိန်တစ်ခုတော့ ယူရမည်ကို ကျွန်မသိသည်။ မိုးတွေရွာသည်ဖြစ်စေ၊ နေသာနေသည်ဖြစ်စေ၊ မြူတွေဆိုင်းနေသည်ဖြစ်စေ သုံးနှစ်တာ အတူရှိခဲ့သော အချိန်ကာလတစ်ခု၏ မှတ်တမ်းမှတ်ရာများသည် ကျွန်မ၏ ဦးနှောက်၌ အမြဲတစေ စိုးမိုးထားနိုင်ခဲ့သည်။ အချစ်တစ်ခုအား ကိုယ်ကိုယ်တိုင်ပင် မယုံကြည်နိုင်ခဲ့ဟု ထင်ခဲ့မိသော်လည်း မသိစိတ်ကတော့ ထိုအချစ်အား ယုံကြည်နေခဲ့မိပြန်သည်။ သုံးနှစ်။ သူနှင့်အတူ ရှိနေခဲ့သော သုံးနှစ်။ ထိုသုံးနှစ်သည် ကျွန်မဘဝအဖို့ ပျော်စရာအချိန်များဟု မသတ်မှတ်ချင်သလို၊ ပျော်ရွှင်စရာ အကောင်းဆုံးကာလဟူ၍လည်း မခံယူခဲ့မိပေ။ ထိုသုံးနှစ်သည် ကျွန်မဘဝ၏ အဓိပ္ပာယ်ရှိသော အချိန်ကာတစ်ခုဖြစ်သည်ဟူ၍သာ ကျွန်မ ခံယူမိခဲ့ပါသည်။ ကျွန်မနှင့်သူဟုခေါ်သော မောင်သည် သုံးနှစ််သုံးမိုး အကြင်လင်မယား တော်စပ်ခဲ့      သော ကျွန်မဘဝ၏ အရေးကြီးဆုံး လူတစ်ဦးဖြစ်ခဲ့သည်။ မောင်နှင့် စတင်ခင်မင်ခွင့်ရခ...

ထိုတစ်ည

Image
              လမိုက်ညသည် အလွန်တိတ်ဆိတ်လျက် မည်သည့်အသံမှ မကြားရသော်လည်း တစ်ခါတစ်ရံတွင် ခွေးအူသံများကို ခြောက်ခြားဖွယ် ကြားရသည်။ ပတ်ဝန်းကျင်သည်လည်း မှောင်မည်းတိတ်ဆိတ်လျက် မည်သည့်အရာကိုမှ သဲသဲကွဲကွဲ မမြင်ရပေ။ ဖွင့်ထားသော အိပ်ခန်းပြတင်းပေါက်မှ လေတစ်ချက်အဝှေ့တွင် ယိမ်းထိုးသွားသော သရက်ပင်သစ်ကိုင်းများကိုသာ တစေ ္ဆတစ်ကောင် ကခုန်နေသလို မြင်ရသည်။             သူသည် လူးလိုက်လိမ့်လိုက်ဖြင့်ပင် အိပ်ရာထက်၌ သဝေထိုးနေခဲ့သည်။ အိပ်၍လည်းမပျော်ပေ။ ကြိိုးစားပြီး အိပ်ပါသော်လည်း ပြူးကြောင်နေသည့် မျက်လုံးနှစ်လုံးက ပိတ်မသွားကြဘဲ ပိုပိုပြူးကျယ်လာပြီး မှိတ််၍ပင်မရတော့ပေ။ အိပ်မပျော်သည့်အတွက် စိတ်ကအလိုလိုတိုလာသည်။ လူအများကတော့ သူ့ကို အမြဲစိတ်မရှည်တတ်သောလူ၊ စိတ်တိုတတ်သောလူဟု သတ်မှတ်ကြသော်လည်း သူကတော့ သူ့ကိုယ်သူ ထိုကဲ့သို့ မမြင်ပေ။             သူသည် လူးရင်းလိမ့်ရင်းဖြင့်ပင် သူ့ဘေးတွင်အိပ်နေသော သူ့မိန်းမကို သဲကွဲစွာ မမြင်ရသော အလင်းရောင်များအောက်မှ ကြည့...

“ဆယ့်လေးနှစ်ကြာပြီးနောက်”

Image
  သူသည် သစ်ပင်အောက်တွင် ကားရပ်လိုက်ပြီး လေးထပ်တိုက်အဆောက်အအုံ အဟောင်းဆီသို့ ငေးကြည့်လိုက်သည်။ မနေ့က သူ့ထံသို့ စာတစ်စောင် ရောက်လာသည်။ ထိုစာမှာ ဤအဆောက်အအုံအား ဖြိုချပြီး ကန်ထရိုက်တိုက် အသစ်ဆောက်တော့မည်ဆိုသည့် အကြောင်းကြားစာဖြစ်သည်။ အဆောက်အအုံမှာလည်း အတော်လေးပင် ဟောင်းနွမ်းနေပြီဖြစ်သည်။ သူကားထဲမှ ထွက်ပြီး ဆောက်အအုံဆီသို့ မှန်မှန်လေး လျှောက်လာသည်။ သူ့ခြေလှမ်းတွေက မှန်မှန်နှင့် လေးကန်နေသော်လည်း သူ့နှလုံးသားက အတော်လေးပင်ခုန်နေသည်။ လှေကားပေါ်သို့ မှန်မှန်တက်သွားပြီး နှစ်ထပ်ရောက်သောအခါ သူ့ခြေလှမ်းများရပ်တန့်သွားသည်။ ဟောင်းနွမ်းနေပြီဖြစ်သော ကျွန်းတံခါးအိုကြီးကို သူသက်ပြင်းချကာငေးမောနေလိုက်မိသည်။ ဤတိုက်ခန်းသည် လွန်ခဲ့သော ဆယ့်လေးငါးနှစ်ကသူ့ဘဝ ဧ။် အမှတ်တရ နေ့ရက်များအား ဖြတ်သန်းခဲ့သော  တိုက်ခန်းဖြစ်သည်။ အတန်ကြာမှ ဘောင်းဘီအိတ်ထဲတွင် ပါလာသည့် သော့ထုတ်ပြီး တံခါးဘုတွင် ရှိနေသော ဖုန်များခါကာ သော့ဖွင့်လိုက်သည်။ “ချောက်” သော့ပွင့်သွားပြီးနောက် တံခါးဘုအား သူကိုင်လိုက်သည်။ တံခါးဘုကို ဆွဲမဖွင့်ခင် သူ မျက်လုံးများမှိတ်လိုက်သည်။ သူမေ့ထားခဲ့သော သူ့ဘဝ အစိတ်အပိုင်းတစ်ခုအား ဖော်ထုတ်ဖို့ အဆင်သင့်ဖြစ်ပြီလား...